ဒီ တစ်ပတ်တော့ စာရေး ဆရာများ နှင့် စာအုပ် ထုတ်ဝေ သူများ အတွက် ရည်ရွယ်ပြီး ISBN နံပါတ် အကြောင်း သိကောင်း စရာ များကို ရေးသား ဖော်ပြ လိုက်ပါတယ်။ ISBN ဟု ခေါ်သော International Standard Book Number သည် မိမိ ထုတ်ဝေသော စာအုပ်ကို ကိုယ်စား ပြုသည့် နိုင်ငံတကာ အသိ အမှတ်ပြု နံပါတ် တစ်ခု ဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာ နိုင်ငံမှာတာ့ ISBN လျှောက်ထားပြီး စာအုပ် ထုတ်ဝေတဲ့ အလေ့ အထ အလွန်ပင် နည်းပါး ပါတယ်။ စာအုပ် ထုတ်ဝေ သူများ အနေဖြင့် မိမိတို့၏ စာအုပ် များကို မြန်မာ နိုင်ငံတွင်း သာမကဘဲ နိုင်ငံ တကာတွင် ဖြန့်ချီရန် ဆန္ဒ ရှိပါက ISBN နံပါတ်ကို လျှောက်ထားရန် အကြံပြု လိုပါတယ်။ အမှန် တကယ်တော့ ISBN နံပါတ် ရရှိရေးမှာ ၊ နိုင်ငံ တကာတွင် ခက်ခဲသော ကိစ္စ တစ်ရပ်တော့ မဟုတ်ပါဘူး။ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုခု မှဖြစ်စေ၊ အစိုးရ ဌာန (သို့) အမျိုးသား စာကြည့်တိုက် ကဲ့သို့သော အဖွဲ့ အစည်း တစ်ခုခုမှ ဖြစ်စေ တာဝန်ယူ ဆောင်ရွက် ပေးလေ့ ရှိပါတယ်။
စကားချပ် အနေဖြင့် ကျွန်မသည် စာကြည့်တိုက် ပညာရပ် (library science and information management) ကို မြန်မာ နိုင်ငံတွင် လေ့လာခွင့် မရခဲ့ပါ။ ထို့အပြင် မြန်မာပြည်၏ စာကြည့်တိုက် လောက၊ စာပေ ရေးသား ထုတ်ဝေရေး နှင့် ၊ ဖြန့်ချီရေး လောက များနှင့်လည်း နီးစပ်မှု မရှိခဲ့ကြောင်း ရိုးသားစွာ ဝန်ခံပါရစေ။ ထို့ကြောင့် ISBN နှင့် ပက်သက်၍ မြန်မာ နိုင်ငံ၏ လုပ်ထုံး လုပ်နည်း များကို မျှဝေ ပြောပြ နိုင်ခြင်း မရှိတာကို တောင်းပန် အပ်ပါတယ်။ အကယ်၍ တတ်သိ သောသူများမှ မြန်မာ နိုင်ငံ၏ လုပ်ထုံး လုပ်နည်း များကို မျှဝေ ပြောပြပေးလျှင် အထူးပင် ကျေးဇူးတင် ဝမ်းသာ မိမှာ အမှန်ပင် ဖြစ်ပါတယ်။
ထုတ်ဝေ သူတိုင်းက မိမိတို့ ထုတ်ဝေ ဖြန့်ချီသော မည်သည့် မီဒီယာ အမျိုး အစားကို မဆို တရားဝင် မှတ်ပုံ တင်ပြီးလျှင်၊ ပြဿ နာ ကင်းရှင်း စွာဖြင့် ထုတ်ဝေရန် ဆန္ဒ ရှိကြ ပေလိမ့်မည်။ မီဒီယာ ထုတ်ဝေ သူအပေါင်းတို့ သိသင့် သိအပ်သော ISBN နံပါတ်နှင့် ပတ်သက်သည့် အချက် အလက်များကို အမေး အဖြေ ပုံစံဖြင့် ရေးသား ဖော်ပြ လိုက်ရပါတယ်။
ကျွန်မတို့ မြန်မာ နိုင်ငံမှာတာ့ ISBN လျှောက်ထားပြီး စာအုပ် ထုတ်ဝေတဲ့ အလေ့ အထ အလွန်ပင် နည်းပါး ပါတယ်။ စာအုပ် ထုတ်ဝေ သူများ အနေဖြင့် မိမိတို့၏ စာအုပ် များကို မြန်မာ နိုင်ငံတွင်း သာမကဘဲ နိုင်ငံ တကာတွင် ဖြန့်ချီရန် ဆန္ဒ ရှိပါက ISBN နံပါတ်ကို လျှောက်ထားရန် အကြံပြု လိုပါတယ်။ အမှန် တကယ်တော့ ISBN နံပါတ် ရရှိရေးမှာ ၊ နိုင်ငံ တကာတွင် ခက်ခဲသော ကိစ္စ တစ်ရပ်တော့ မဟုတ်ပါဘူး။ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုခု မှဖြစ်စေ၊ အစိုးရ ဌာန (သို့) အမျိုးသား စာကြည့်တိုက် ကဲ့သို့သော အဖွဲ့ အစည်း တစ်ခုခုမှ ဖြစ်စေ တာဝန်ယူ ဆောင်ရွက် ပေးလေ့ ရှိပါတယ်။
စကားချပ် အနေဖြင့် ကျွန်မသည် စာကြည့်တိုက် ပညာရပ် (library science and information management) ကို မြန်မာ နိုင်ငံတွင် လေ့လာခွင့် မရခဲ့ပါ။ ထို့အပြင် မြန်မာပြည်၏ စာကြည့်တိုက် လောက၊ စာပေ ရေးသား ထုတ်ဝေရေး နှင့် ၊ ဖြန့်ချီရေး လောက များနှင့်လည်း နီးစပ်မှု မရှိခဲ့ကြောင်း ရိုးသားစွာ ဝန်ခံပါရစေ။ ထို့ကြောင့် ISBN နှင့် ပက်သက်၍ မြန်မာ နိုင်ငံ၏ လုပ်ထုံး လုပ်နည်း များကို မျှဝေ ပြောပြ နိုင်ခြင်း မရှိတာကို တောင်းပန် အပ်ပါတယ်။ အကယ်၍ တတ်သိ သောသူများမှ မြန်မာ နိုင်ငံ၏ လုပ်ထုံး လုပ်နည်း များကို မျှဝေ ပြောပြပေးလျှင် အထူးပင် ကျေးဇူးတင် ဝမ်းသာ မိမှာ အမှန်ပင် ဖြစ်ပါတယ်။
ထုတ်ဝေ သူတိုင်းက မိမိတို့ ထုတ်ဝေ ဖြန့်ချီသော မည်သည့် မီဒီယာ အမျိုး အစားကို မဆို တရားဝင် မှတ်ပုံ တင်ပြီးလျှင်၊ ပြဿ နာ ကင်းရှင်း စွာဖြင့် ထုတ်ဝေရန် ဆန္ဒ ရှိကြ ပေလိမ့်မည်။ မီဒီယာ ထုတ်ဝေ သူအပေါင်းတို့ သိသင့် သိအပ်သော ISBN နံပါတ်နှင့် ပတ်သက်သည့် အချက် အလက်များကို အမေး အဖြေ ပုံစံဖြင့် ရေးသား ဖော်ပြ လိုက်ရပါတယ်။
၁။ ISBN ဆိုတာဘာလဲ။
ISBN ကို အရှည် အားဖြင့် International Standard Book Number လို့ ခေါ်ပါတယ်။ ထို နံပါတ်ကို စနစ်သစ် တွင် ဂဏန်း (၁၃) လုံးဖြင့် ဖွဲ့စည်း ထားပြီး စာအုပ် တစ်အုပ် ချင်းစီ၏ ကိုယ်စားပြု နံပါတ် အဖြစ် နိုင်ငံ တကာတွင် သုံးစွဲပါတယ်။ (စနစ် ဟောင်းတွင် ဂဏန်း (၁၀) လုံးသာ ပါဝင်တာ ဖြစ်ပါတယ်။) စာအုပ် ထုတ်ဝေသူ၊ ရောင်းချသူ၊ နှင့် ငှားရမ်းသူ များကြားတွင် စာအုပ် တစ်အုပ် ချင်းစီကို ISBN နံပါတ်ဖြင့်သာ ကိုယ်စားပြု ဖော်ပြ လေ့ရှိပါတယ်။
၂။ မည်သည့် မီဒီယာ အမျိုး အစား ထုတ်လုပ် ဖြန့်ချီမှု မျိုးတွင် ISBN လျှောက်ထားရန် လိုအပ်ပါလဲ။
အောက် ဖော်ပြပါ ထုတ်လုပ် ဖြန့်ချီမှု တစ်မျိုးမျိုးကို နိုင်ငံ တကာ ဈေးကွက် အတွက် ဆောင်ရွက်မည် ဆိုလျှင် ISBN နံပါတ် လျှောက်ထားရန် လိုအပ်ပါတယ်။
(၁) စက္ကူ ပေါ်တွင် ပုံနှိပ် ထုတ်ဝေသော စာအုပ်များ
(၂) စာမျက်နှာ (၈) မျက်နှာ နှင့် အထက်ရှိသော လက်ကမ်း စာစောင်များ
(၃) microfilms များ (သတင်းစာ နှင့် စာအုပ် အဟောင်း အမျိုးမျိုး ကို archive ပြုလုပ်ရန် microfilm ကို အသုံးပြုသည်။)
(၄) မျက်မမြင် ဖတ်စာများ (မျက်မမြင် များအတွက် လက်ဖြင့်စမ်း၍ ဖတ်ရန် ပြုလုပ် ထားသော စာအုပ်များ)
(၅) transparencies များ (ဆလိုက် ထိုးလျှင် အရုပ် ထင်စေသော ဖလင်ကားချပ်များ)
(၆) သင် ထောက်ကူပြု ရုပ်ရှင် နှင့် ဗီဒီယို ဖိုင်များ
(၇) အသံ စာအုပ်များ (စာရေးသူ (သို့) အသံ သရုပ်ဆောင် တစ်ယောက်မှ စာအုပ်ပါ အကြောင်း အရာကို ဖတ်ပြ ထားခြင်း ဖြစ်သည်။)
(၈) ကွန်ပျူတာ ဆော့ဖ်ဝဲလ် များ
(၉) tapes ၊ diskettes ၊ CDs နှင့် DVDs များ ပေါ်တွင် ရိုက်နှိပ် ထားသော ebooks များ
(၁၀) အင်တာနက် ပေါ်ရှိ ebooks များ
(၁၁) စီးပွားဖြစ် ထုတ်လုတ် ရောင်းချသော မြေပုံများ
၃။ ISBN နံပါတ်ကို မည်သူများ လျှောက်ထား နိုင်ပါ သလဲ။
(၁) ကိုယ်တိုင် ရေးသား ထုတ်ဝေ ဖြန့်ချီသော စာရေး ဆရာများ
(၂) တသီး ပုဂ္ဂလ ထုတ်ဝေ ဖြန့်ချီသူများ နှင့်
(၃) မီဒီယာ ထုတ်လုပ် ဖြန့်ချီရေး ကုမ္ပဏီများ
၎။ ISBN နံပါတ်ကို ဘယ်လို လျှောက်ထား နိုင်ပါသလဲ။
နိုင်ငံ အများစုတွင် အစိုးရမှ ကြီးကြပ်၍ လည်းကောင်း၊ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခုခုသို့ လွှဲအပ်၍ လည်းကောင်း၊ စာအုပ် ထုတ်ဝေ ဖြန့်ချီသူတို့ အတွက် ISBN နံပါတ် ရရှိရေးကို ဆောင်ရွက် ပေးလေ့ ရှိကြပါတယ်။
စင်ကာပူ နိုင်ငံ မှာတော့ Legal deposit office ဟုခေါ်သော ဌာနကြီး တစ်ခုက တာဝန်ယူ ဆောင်ရွက် ပေးနေ ပါတယ်။ Legal deposit office တွင် ISBN သာမက၊ ISSN ၊ ISMN နှင့် CIP နံပါတ်များ ကိုလည်း လျှောက်ထား နိုင်ပါတယ်။ စင်ကာပူ နိုင်ငံ၏ အမျိုးသား စာကြည့်တိုက် အက် ဥပဒေ အရ မီဒီယာ ထုတ်လုပ် ဖြန့်ချီ သူများသည်၊ ဖြန့်ချီသည့် နေ့မှစ၍ (၁) လ အတွင်း အမျိုးသား စာကြည့်တိုက်သို့ ဖြန့်ချီသည့် မီဒီယာကို ကော်ပီ ပေးပို့ရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို http://www.nlb.gov.sg/deposit/faces/login.jsp တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
အမေရိကန် ပြည်ထောင်စုတွင် Bowker ဟုခေါ်သော ကုမ္ပဏီ တစ်ခုမှ ISBN လျှောက်ထား ရေးကို တာဝန်ယူ ပေးထားပါတယ်။ လျှောက် ထားသူသည် http://www.myidentifiers.com သို့ ဝင်ရောက်၍ အရေ အတွက် အားဖြင့် (၁) ခု၊ (၁၀) ခု၊ (၁၀၀) ခု၊ (၁၀၀၀) ခု စသည်ဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။
၅။ ISBN လျှောက် ထားရန် ကုန်ကျ စရိတ်ကို သိပါရစေ။
ပုံစံဖြည့်၍ လျှောက်လွှာ တင်ခြင်းကို online ဆောင်ရွက် ရလေ့ရှိပြီး အဲ့ဒီ အတွက် အခ ကြေးငွေကို အများ အားဖြင့် ပေးစရာ မလိုပါဘူး။ လျှောက်ထားသော ISBN အရေ အတွက် အတိုင်းသာ ငွေ ပေးချေ ရမှာ ဖြစ်ပါတယ်။ သတ်မှတ် ဈေးနှုန်း များမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
(၁) နံပါတ် ၁ ခု - USD 125
(၂) နံပါတ် ၁၀ ခု - USD 250
(၃) နံပါတ် ၁၀၀ ခု - USD 575
(၄) နံပါတ် ၁၀၀၀ ခု - USD 1000
အရေ အတွက် များများ ဝယ်ယူလျှင် နံပါတ် တစ်ခု၏ ဈေးနှုန်းမှာ အမေရိကန် (၁၂၅) ဒေါ်လာမှ ၊ အမေရိကန် (၁) ဒေါ်လာသို့ ကျဆင်း သွားကြောင်း တွေ့ရ သည်။
၆။ ISBN နံပါတ် အဟောင်းကို ပြန်လည် အသုံးပြုခွင့် ရှိပါသလား။
တူညီသော ISBN နံပါတ်ကို အခြားသော မီဒီယာ ထုတ်လုတ် ဖြန့်ချီမှု တစ်ခုခု အတွက် ပြန်လည်သုံးစွဲခွင့် မရှိပါ။
၇။ မည်သို့သော မီဒီယာ ထုတ်လုတ် ဖြန့်ချီမှု မျိုးအတွက် ISBN နံပါတ် လျှောက် ထားရန် မလို အပ်ပါ သလဲ။
(၁) ပေါ်ပင် ထုတ်လုပ် ဖြန့်ချီမှု မျိုးဖြစ်သည့် လက်ကမ်း ကြော်ငြာများ ရိုက်နှိပ်ခြင်း၊ နှစ်သစ် ပြက္ခဒိန် နှင့် ဒိုင်ယာရီများ ရိုက်နှိပ် ထုတ်ဝေခြင်း များတွင် ISBN မလိုအပ်ပါ။
(၂) ရုပ်ပုံ သက်သက်သာ ပါဝင်သော စာအုပ်များ တွင် ခေါင်းစီး စာမျက်နှာ (title page) နှင့် စာကိုယ် မပါလျှင် ISBN မလိုအပ်ပါ။
(၃) ရိုးရိုး အသံ ဖိုင် ဖြန့်ချီမှု မျိုးအတွက် ISBN နံပါတ် မလို အပ်ပါ။ (အသံစာအုပ်ဟု ခေါ်သော talking books များ မပါ ဝင်ပါ။)
(၄) အချိန်မှန် ထုတ်ဝေသော သတင်းစာ ၊ မဂ္ဂဇင်း ၊ ဂျာနယ်များ အတွက် ISBN အစား ISSN ကို လျောက်ထား ရမှာ ဖြစ်ပါတယ်။
(၅) စာလုံးပေါင်း သတ်ပုံ ကဲ့သို့သော အသေးစား ပြင်ဆင်မှု တစ်ခုခုဖြင့် ပြန်လည် ထုတ်ဝေသော စာအုပ်များ အတွက် ISBN နံပါတ် ပြန်လည် လျှောက်ထားရန် မလိုပါ။
(၆) မျက်နှာဖုံး ပြင်ဆင် ပြောင်းလဲ ထုတ်ဝေခြင်း မျိုးအတွက် ISBN နံပါတ် ပြန်လည် လျှောက်ထားရန် မလိုပါ။
၈။ မည်သို့သော အခြေ အနေတွင် ISBN နံပါတ် ထပ်မံ လျှောက်ထားရန် လိုအပ် ပါသလဲ။
(၁) ထုတ်ဝေ ပြီးသား စာအုပ်ကို ၊ ဒုတိယ အကြိမ် ၊ တတိယ အကြိမ် အစ ရှိသည်ဖြင့် နောက်ထပ် တစ်ကြိမ် ထုတ်ဝေ ဖြန့်ချီခြင်းများ အတွက် ISBN အသစ် တစ်ခု ထပ်မံ လျှောက်ထား ရမှာ ဖြစ်ပါတယ်။
(၂) ထုတ်ဝေ ပြီးသား စာအုပ်ကို ၊ CDs ၊ DVDs အစ ရှိသည့် အခြားသော မီဒီယာ တစ်ခုခု အပေါ်တွင် ပြန်လည် ရိုက်နှိပ် ထုတ်ဝေခြင်း မျိုးအတွက် ISBN အသစ် တစ်ခု ထပ်မံ လျှောက်ထား ရမှာ ဖြစ်ပါတယ်။
(၃) စာအုပ် တစ်အုပ်ကို အဖုံးမာ (Hard Cover) နှင့် အဖုံးပျော့ (Soft Cover) နှစ်မျိုး စလုံး ထုတ်ဝေမည် ဆိုလျှင် ISBN နံပါတ် သီးခြားစီ လျှောက်ထားရန် လိုအပ်ပါတယ်။
၉။ စာအုပ် တစ်အုပ်၏ မည်သည့် နေရာ များတွင် ISBN ကို ရိုက်နှိပ်လေ့ ရှိပါသလဲ။
(၁) စာအုပ် တစ်အုပ်၏ မူပိုင်ခွင့် စာမျက်နှာ (copyright page) တွင် ISBN ကို ရိုက်နှိပ်လေ့ ရှိပါတယ်။ မူပိုင်ခွင့် စာမျက်နှာက ခေါင်းစီး စာမျက်နှာ (title page) ၏ ကျောချင်း ကပ်လျှက်တွင် တည်ရှိ ပါတယ်။
(၂) မျက်နှာဖုံး (cover page) ၏ နောက်ကျောတွင်လည်း ISBN ကိုရိုက်နှိပ်လေ့ ရှိပါတယ်။
၁၀။ စာအုပ်များ၏ နောက်ကျောတွင် တွေ့ရလေ့ ရှိသော ဘားကုဒ်များမှာ ISBN နံပါတ်ကို ဖော်ပြပါ သလား။
စာအုပ် တစ်အုပ်၏ ISBN နံပါတ် ကို scanner မှတဆင့် ကွန်ပျူတာ တွင် ဖတ်ရှုနိုင်ရန် ဘားကုဒ်များ ကို ရိုက်နှိပ် ထားတာ ဖြစ်ပါတယ်။ ဘားကုဒ် တစ်ခု၏ အချက် အလက်တွင် ISBN နံပါတ် သာမက ၊ စာအုပ်၏ တန်ဖိုး နှင့် ငွေကြေး ကုဒ် နံပါတ် (currency code) တို့လည်း ပါဝင် နေနိုင်ပါတယ်။
၁၁။ ISBN နံပါတ်ကို ဖော်ပြရန် မည်သည့် ဘားကုဒ် အမျိုး အစားကို အသုံးပြု သင့်ပါ သလဲ။
နိုင်ငံ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ သုံးစွဲသည့် ဘားကုဒ် အမျိုးအစား ကွဲပြားမှု ရှိနိုင် ပါတယ်။ စင်ကာပူ နိုင်ငံမှာတော့ အောက် ဖော်ပြပါ EAN 13-digit ဘားကုဒ် အမျိုး အစားကို သုံးစွဲပါတယ်။
အမေရိကန် ၊ အင်္ဂလန် နှင့် ကနေဒါ အစရှိသည့် အနောက် နိုင်ငံများတွင် အောက် ဖော်ပြပါ EAN-5 ဘားကုဒ် အမျိုးအစားကို သုံးစွဲလေ့ ရှိကြ ပါတယ်။ လက်ယာဘက် ဘားကုဒ် အကြီးက ISBN နံပါတ်ကို ဖော်ပြနေပြီး ၊ လက်ဝဲဘက် ဘားကုဒ် အငယ်က စာအုပ်၏ တန်ဖိုးနှင့် ငွေကြေး ကုဒ် တို့ကို ဖော်ပြ နေတာဘဲ ဖြစ်ပါတယ်။ 51595 တွင် 5 သည် အမေရိကန် ဒေါ်လာ၏ ကုဒ်နံပါတ် ဖြစ်ပြီး 1595 က စာအုပ် တန်ဖိုး ဖြစ်သည့် ၁၅.၉၅ ဒေါ်လာ ကို ဖော်ပြနေ ပါတယ်။
၁၂။ ISBN နံပါတ် ရရှိ ပြီးသွားလျှင် မူပိုင်ခွင့် (copyright) ရှိပြီဟု ပြောနိုင်ပါ သလား။
နိုင်ငံ တကာ အသိ အမှတ် ပြု နံပါတ် ရရှိခြင်းက မူပိုင်ခွင့် နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ISBN နံပါတ် ထုတ်ပေးခြင်းကို Bowker က ကြီးကြပ် နေတာ ဖြစ်ပြီး ၊ မူပိုင်ခွင့် နှင့် ပက်သက် သမျှကိုတော့ Library of Congress ကကြီးကြပ် ပေးနေတာ ဖြစ်ပါတယ်။
၁၃။ ISBN နံပါတ် ရရှိပြီးလျှင် စာအုပ် တစ်အုပ်သည် Books In Print တွင် စာရင်းဝင် သွားပြီဟု ပြောနိုင်ပါသလား။
Books In Print (http://www.booksinprint.com) က တစ်ကမ္ဘာ လုံးမှာ ရှိကြတဲ့ ထုတ်ဝေပြီးသား စာအုပ်များကို ဖော်ပြထားတဲ့ website တစ်ခုဖြစ်ပါတယ်။ စာကြည့်တိုက် များနှင့် စာအုပ် ထုတ်ဝေသူများ အတွက် ယုံကြည် စိတ်ချ ရတဲ့ ၊ ထုတ်ဝေပြီး သမျှကို ရှာဖွေ လို့လည်းရတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ISBN နံပါတ် ရရှိ ပြီးနောက် သတ်မှတ် ပုံစံကို ဖြည့်စွက်ပြီး Books In Print တွင် မိမိ၏ စာအုပ်ကို စာရင်းသွင်း နိုင်ပါတယ်။
အမှန် တကယ်တော့ ၊ ကျွန်မတို့ မြန်မာ နိုင်ငံဟာလည်း ကိုယ်ပိုင် စာပေ ၊ ယဉ်ကျေးမှုများ ထွန်းကားတဲ့ တိုင်းပြည် တစ်ခု ဖြစ်ပါတယ်။ နိုင်ငံသား တစ်ယောက် အနေဖြင့် မြန်မာတို့၏ စာပေ ၊ ဘာသာ စကား နှင့် ယဉ်ကျေးမှု များကို နိုင်ငံ တကာတွင် ဖော်ပြခွင့် ရစေ ချင်ပါတယ်။ မြန်မာ နိုင်ငံရှိ စာရေး ဆရာ နှင့် ထုတ်ဝေသူ တို့အတွက် နိုင်ငံ တကာနှင့် ရင်ဘောင် တန်းနိုင် စေရန် အကျိုးဆောင် ပေးမည့် အဖွဲ့ အစည်း တစ်ရပ် အမြန်ဆုံး ပေါ်ပေါက် ပါစေဟု ဆန္ဒပြု ဆုတောင်း ရင်း အဆုံးသတ် လိုက်ပါတယ်။
References:
1. http://www.thebookdesigner.com/2010/03/isbn-for-self-publishers-answers-to-20-of-your-questions/
2. http://www.nlb.gov.sg/deposit/faces/login.jsp
3. https://www.myidentifiers.com/
4. https://www.isbn-international.org/
5. http://www.bowker.com/en-US/products/servident_isbn.shtml
မှတ်ချက်။ ။ အထက် ဖော်ပြပါ ISBN နှင့်ပက်သက်သော သတ်မှတ်ချက် စည်းမျဉ်း၊ စည်းကမ်း ဥပဒေများသည် အမေရိကန် နှင့် စင်ကာပူ နိုင်ငံတို့ရှိ စည်းကမ်း ဥပဒေများကိုသာ အခြေခံ၍ ဖော်ပြထား ပါသည်။ နိုင်ငံ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ သတ်မှတ်ချက် စည်းမျည်းများ အနည်းငယ် ကွဲလွဲမှု ရှိနိုင် ပါသည်။



No comments:
Post a Comment