Tuesday, September 30, 2014

အခန်း (၃) - အနာဂတ်၏ စာကြည့်တိုက်များ

စာကြည့်တိုက်များ၏ အသွင်ကူးပြောင်းမှုပုံစံကို လေ့လာဆန်းစစ်ခြင်း



တိုးတက် ပြောင်းလဲလာနေသည့် နည်းပညာက နောင် အနာဂတ်မှာ  စာကြည့်တိုက်တွေကို ဘယ်လို အကျိုး သက်ရောက် စေမှာလဲ။  စာကြည့်တိုက်တွေ ကရော ဘယ်လို ၀န်ဆောင်မှုမျိုးတွေ ပေးနေကြ ဦးမှာလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါပြီ။ web server တွေက စာကြည့်တိုက်တွေ ဖြစ်လာ နိုင်ပါတယ်။ server ပိုင်ရှင်များက မိမိ၏ စာဖတ်သူများ အတွက် အင်တာနက် စာအုပ် ထုတ်ဝေသူ များထံမှ လိုင်စင် ၀ယ်ယူမလား၊ မယူဘူးလား၊ ဘယ်လို လိုင်စင် အမျိုးအစားကို ဘယ်လောက် အရေအတွက် ၀ယ်ယူသင့်တယ်၊ စသည်ဖြင့် စဉ်းစားလာရ ပါတော့မယ်။


စာကြည့်တိုက် အကြီးကြီး တစ်ခုတွင် စာအုပ် အမြောက် အများ စုဆောင်း ထားတာ မြင်ရုံဖြင့် အသိပညာ၊ အတတ် ပညာများ ထွန်းကားရာ အရပ်ဟု မသတ်မှတ် နိုင်တော့ပါ။ စာအုပ်များစွာ ၀ယ်ယူ စုဆောင်း နေသော လူတစ်ယောက်ကို အသိ ဉာဏ်ပညာ ပြည့်စုံသူဟု မသတ်မှတ် နိုင်တော့ပါ။ အနာဂတ်၏ စာကြည့်တိုက်များက စာအုပ် များဖြင့် ပြည့်ကြပ် နေတာမျိုး မဟုတ်ဘ၊ဲ စာဖတ် သူတို့အတွက် သက်တောင့် သက်သာ ရှိသော၊ လိုအပ်ချက် ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ နယ်ပယ် အသီးသီးမှ ပညာရပ်များကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွင်း လွတ်လပ်စွာ မျှဝေ သုံးစွဲနေ ကြပါပြီ။

အနာဂတ်၏ စာအုပ်များက website များသဖွယ် ဖြစ်နေပြီး၊ မဂ္ဂဇင်း ဂျာနယ်များကတော့ mini-mags များအဖြစ် subscribe လုပ်ကာ ဖတ်ရှု ရတာမျိုး ဖြစ်နိုင်ပါတယ်။ မြို့ထဲ လျှောက်သွား ကြတဲ့အခါ ကျွန်တော်တို့ ကိုယ်ပေါ်မှာ ၀တ်ဆင် ထားတဲ့ AR (augmented reality) နေကာ မျက်မှန် ကလည်း ရောက်ရှိနေသော နေရာ၏ အချက်အလက် များကို ပေးနေမှာပဲ ဖြစ်ပါတယ်။ ဤအချက်က စာကြည့်တိုက် တွေဆီမှာ ကျွန်တော်တို့ စာအုပ်တွေ ငှားရမ်းဖို့ မလို အပ်တော့တဲ့ အချက် တွေထဲက တစ်ခု ဖြစ်နေပါပြီ။ စာကြည့်တိုက် များကတော့ online ပေါ်က စာပေတွေကို များနိုင် သမျှ များအောင် စုဆောင်း နေကြ ဦးမှာပါပဲ။

ယနေ့ခေတ်မှာ လစဉ်ထုတ် မဂ္ဂဇင်းများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ နှင့် EBSCO host၊ LexisNexis ကဲ့သို့သော online database များကို ကျွန်တော်တို့ subscription လိုင်စင် ၀ယ်ယူပြီး ဖတ်ရှု နေကြပါတယ်။ ဒါဆိုရင် အနာဂတ် မှာလည်း စာကြည့်တိုက်များက စာဖတ်သူများ အတွက် subscription စနစ်ဖြင့် အချိန်ပိုင်း ငှားရမ်းမှု ဆောင်ရွက်လို့ ရနိုင်ပါတယ်။ စာအုပ်ထဲမှ စိတ်ဝင်စားဖွယ် အခန်း အချို့ကို webpage ပေါ်တင်ထားပြီး ကျန်တဲ့ အခန်း များကိုတော့ လိုင်စင် subscribe လုပ်ပြီးမှ ဖတ်ရှု စေခြင်းကလည်း ကောင်းမွန်တဲ့ marketing စနစ်တစ်ခုပါ။ Byliner နှင့် The Atavist တို့လို online စာအုပ် ထုတ်ဝေသူ များက subscription စနစ်ဖြင့်  ယနေ့ စာကြည့်တိုက် များတွင် ၀န်ဆောင်မှု ပေးနေ ကြပါပြီ။


စာကြည့်တိုက်များက ဤအပြောင်း အလဲကို ရင်ဆိုင် နိုင်ဖို့ လိုပါတယ်။ အခု အချိန်ဟာ စာကြည့်တိုက်များ အနေဖြင့် online စာအုပ် ထုတ်ဝေသူများ နှင့် လက်တွဲ ဆောင်ရွက် ရန် အကောင်းဆုံး အချိန်ပါဘဲ။ တိုးတက် ပြောင်းလဲ နေသည့် ခေတ် ရေစီးတွင် ကျွန်တော်တို့ အချက်ကျကျ ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ အချို့ အရာတွေကို ကျွန်တော်တို့ စွန့်လွှတ် ကြရပါလိမ့်မယ်။ ကမ္ဘာ့ စာပေတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ အမျိုးသား စာကြည့်တိုက်တွေ နှင့် သုတေသန စာကြည့်တိုက်တွေက အလုပ် ပိုလုပ်ကြရ ပါလိမ့်မယ်။ စာပေများကို ထိန်းသိမ်း ထားရာမှာလည်း ပုံနှိပ် စာအုပ်များ အနေဖြင့် မဟုတ်ဘဲ web content အနေဖြင့် ထိန်းသိမ်း ထားတာမျိုးပဲ ဖြစ်ပါ လိမ့်မယ်။ ထို့အပြင် စာကြည့်တိုက်၏ catalogue (Opac) တွင် AR (augmented reality) စနစ်ကို ထည့်သွင်း ထားပြီး catalogue ၏ ဒစ်ဂျစ်တယ် content ကို ပြင်ပကမ္ဘာနှင့် ဆက်စပ် ပေးလို့ ရနိုင်ပါတယ်။ ပြည်သူ့ စာကြည့်တိုက်များက လူ့အဖွဲ့ အစည်း၏ လိုအပ်ချက် များကို online စာပေများဖြင့် ဆက်စပ် ပေးပါလိမ့်မယ်။ စာပေ ထုတ်ဝေရေး ပုံစံသစ်က လူ့အဖွဲ့အစည်း၏ လိုအပ်ချက် များကိုသာ အခြေခံ ပါလိမ့်မယ်။ ဤ အပြောင်းအလဲမှာ ပါဝင်နိုင်ဖို့ ကျွန်တော်တို့ အားလုံးမှာ အခွင့်အရေးတွေ ရှိနေတယ် ဆိုတာပါဘဲ။

စာကြည့်တိုက်များ၏ အသွင်ကူးပြောင်းမှုပုံစံကို လေ့လာဆန်းစစ်ခြင်း ပြီးပါပြီ။

References :
1. http://www.nytimes.com/projects/2012/snow-fall/#/?part=tunnel-creek
2. http://www.americanlibrariesmagazine.org/article/unpackaged-book
၂၀၁၃ ခုနှစ် ဇွန်လထုတ် ALA မဂ္ဂဇင်းပါ Peter Brantley ၏ The Unpackaged Book ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။

No comments: