Saturday, September 13, 2014

အခန်း (၁) - မီဒီယာ အသွင်ကူးပြောင်းခြင်း

စာကြည့်တိုက်များ၏ အသွင်ကူးပြောင်းမှုပုံစံကို လေ့လာဆန်းစစ်ခြင်း


မီဒီယာ အသွင် ကူးပြောင်းခြင်း အကြောင်း ကို နှစ်ပေါင်း များစွာ ဆွေးနွေး လာခဲ့ ပြီးသည့်နောက်၊ Online မီဒီယာ ထုတ်လုပ် ဖြန့်ချီခြင်း၏ စွမ်းပကားကို အားကစား သတင်းထောက် တစ်ယောက်က သက်သေ ပြခဲ့ ပါတော့တယ်။ 

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ခန့်က အမေရိကန် ပြည်ထောင်စု အနောက် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော နှင်းလွှာ ထုထည်များ ရုတ်တရက် ပြိုကျမှု သတင်းက အချိန် အတော်ကြာအောင် တစ်ကမ္ဘာ လုံးကို ဖမ်းစား ထားနိုင်ခဲ့တယ်။ ထို မတော်တဆမှုက ကမ္ဘာကျော် နှင်းလျောစီးသမား ၁၆ယောက်ကို နှင်းလွှာ များအောက် နှစ်မြုပ်ထားခဲ့ပြီး ၃ ယောက်မှာ သေဆုံးခဲ့ရပါတယ်။ ဤ အဖြစ်အပျက် ဖြစ်ပွား နေစဉ် တောက်လျှောက် The New York Times သတင်းစာ ၏ အားကစား သတင်းထောက် John Branch က အဆက်မပြတ် သတင်း ရေးသား ပေးပို့ခဲ့ပါတယ်။ John Branch ၏သတင်းများကို Times ၏ website ဖန်တီး သူများက နာရီပိုင်းဖြင့်သာ subscribe လုပ်၍ ဖတ်ရှနိုင်သော Byliner အမည်ရှိ online မဂ္ဂဇင်းတွင် ဖော်ပြ ပေးခဲ့သည်။ Snow Fall ဟု ကျော်ကြားသော ထို သတင်း ဆောင်းပါးကို ကမ္ဘာ တဝှန်း စောင့်ကြည့် ဖတ်ရှသူ အရေ အတွက်က အံ့သြစရာ ကောင်းလောက်အောင် များပြား လွန်းခဲ့ပါတယ်။ 


Times သတင်းစာ၏ အမှုဆောင် အယ်ဒီတာ Jill Abramson က "ကျွန်တော်တို့ website ရဲ့ ပြင်ပမှာ သီးခြား နေရာလေး တစ်ခုကို များစွာသော စာဖတ် ပရိတ်သတ် အတွက် ဖန်တီး ပေးခဲ့ရတဲ့ အဖြစ်က အင်မတန်ကို ရှားပါတယ်။" စီးပွားရေး သတင်း မဂ္ဂဇင်း တစ်စောင် ဖြစ်သည့် The Economist's ကလည်း အောက်ပါ အတိုင်း ဖော်ပြခဲ့ပါတယ်။ "John Branch ၏ ဆောင်းပါးက စာဖတ်သူများကို ထူးခြား သစ်လွင်တဲ့ အတွေ့အကြုံ များစွာ ပေးခဲ့ပါတယ်။ သူက သတင်းကို ရှင်းရှင်း လင်းလင်း ဖော်ပြရုံ မကပါဘူး။ သတင်းနဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံတွေ၊ ဗီဒီယို မှတ်တမ်းတွေ၊ မြေပုံတွေ အပြင် ကွန်ပျူတာ Simulation တွေကိုပါ ဝေဝေ ဆာဆာ ထည့်သွင်း ထားခဲ့ပြီး သတင်းကို သက်ဝင် လှုပ်ရှားမှု ရှိအောင် လုပ်ဆောင် ခဲ့တာပါ။" 

နောင် လာမည့် အနာဂတ်မှာ ပုံပြင် ဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ၊ စာပေ ကျန်းဂန်တွေ အားလုံးက၊ ကျွန်တော်တို့သိထားတဲ့ ပုံစံမျိုး မဟုတ် တော့ပါဘူး။ Snow Fall လိုပုံစံမျိုးနဲ့ ကျွန်တော်တို့ဆီကို ရောက်လာဖို့ များပါတယ်။ အဲ့ဒီအခါ စာပေ ရေးသား ထုတ်ဝေခြင်း နှင့် ဖြန့်ချီခြင်း လုပ်ငန်းများမှာ လမ်းကြောင်း သစ်များ ပေါ်ထွက် လာမှာ မလွဲပါဘူး။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ကလည်း Matter ဟုခေါ်သော online မဂ္ဂဇင်းတစ်စောင်ကို အောင်မြင်စွာ ဖြန့်ချီနိုင်ခဲ့ကြပါတယ်။ Matter ရဲ့ ဖန်တီး သူလည်းဖြစ်၊ ဒီဇိုင်းနာ လည်းဖြစ်တဲ့ Craig Mod ကပြောတာက " Matter ဟာ website တစ်ခုနဲ့တော့ မတူပါဘူး။ ဒါ့အပြင် ထုတ်ဝေ ခဲ့ဖူးတဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ နဲ့လည်း မတူပါဘူး။" ဒီနေ့ ခေတ်မှာတော့ Mod ရဲ့ subcompact publishing တွေက ဒစ်ဂျစ်တယ် စာစောင်များ ထုတ်ဝေမှုကဏ္ဍကို လွှမ်းမိုး ထားနိုင်ခဲ့ပါပြီ။ 

၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်းက Charlie Rose ရဲ့ တီဗီ အင်တာဗျူး အစီ အစဉ်တစ်ခုမှာ စာအုပ် ထုပ်ဝေရေး လုပ်ငန်းကို ဦးဆောင်နေတဲ့ Mr. Tim O'Reilly ကိုတွေ့ဆုံ မေးမြန်း ခဲ့ပါသေးတယ်။ အင်္ဂံလိပ်စာ အဓိကဖြင့် ကျောင်းပြီး သူလည်းဖြစ်၊ ဂန္ဓဝင် စာပေများကို ချစ်ခင် မြတ်နိုးသူ လည်းဖြစ်တဲ့ O'Reilly က အောက်ပါ အတိုင်း မှတ်ချက်ပေးခဲ့ပါတယ်။ "ဂန္ဓဝင် စာပေတွေ၊ ဝတ္ထုရှည်တွေ ပျောက်ဆုံး သွားမှာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ လက်ရှိ ခေတ်ရဲ့ စာပေ ထုတ်ဝေရေး လုပ်ငန်း ပုံသဏ္ဍန်ကို ဘယ်သူမှ မပိုင်ပါဘူး။ ထိန်းချုပ်လို့လည်းမရနိုင်ပါဘူး။ ခေတ်မှီ နည်းပညာ တွေရဲ့ အကူ အညီနဲ့၊ ခင်ဗျားတို့ ကျွန်တော်တို့ တစ်ခါမှ မစဉ်းစား ခဲ့ဖူးတဲ့ နည်းလမ်း တွေနဲ့ ပုံပြင်တွေ ဇာတ်လမ်း တွေကို ပြောပြ ကြပါ လိမ့်မယ်။" 

သေချာ နေတာ တစ်ခု ကတော့ ရှေးတုန်းကလို စာအုပ်တွေ ပုံနှိပ် ဖြန့်ချီတဲ့ လုပ်ငန်း ကတော့ နောက်ကောက် ကျန်ခဲ့ မှာပါဘဲ။ အဲ့ဒီ ပြောင်းလဲ ခြင်းက ဘယ်လောက် မြန်မြန် ပြောင်းလဲမယ်။ စာဖတ် သူတွေ၊ စာရေး ဆရာတွေနဲ့ စာအုပ် ထုတ်ဝေသူ တွေကို ဘယ်လောက် သက်ရောက်မှု ရှိမယ် ဆိုတာ ကိုတော့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။

အခန်း (၂) ကို ဆက်လက် ဖတ်ရှုပါ။

References :
1. http://www.nytimes.com/projects/2012/snow-fall/#/?part=tunnel-creek
2. http://www.americanlibrariesmagazine.org/article/unpackaged-book
၂၀၁၃ ခုနှစ် ဇွန်လထုတ် ALA မဂ္ဂဇင်းပါ Peter Brantley ၏ The Unpackaged Book ကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုသည်။

No comments: