Saturday, September 20, 2014

အခန်း (၂) - online ပေါ်မှ စာအုပ်များ

စာကြည့်တိုက်များ၏ အသွင်ကူးပြောင်းမှုပုံစံကို လေ့လာဆန်းစစ်ခြင်း

websiteများ ရေးသား ဖန်တီးရန် ပိုမို လွယ်ကူလာတာနှင့် အမျှ၊ စာရေး ဆရာများက သူတို့၏ ဖန်တီးမှု များကို၊ အင်တာနက် စာမျက်နှာများ ပေါ်တွင် ကိုယ်တိုင် ကိုယ်ကျ ဖော်ပြနိုင်ကြ တော့မှာ ဖြစ်ပါတယ်။  နှစ်ပေါင်း များစွာ အသုံးပြုခဲ့ ကြသည့် နှေးကွေးသော ကုန်စည် သယ်ယူ ပို့ဆောင်ခြင်း လုပ်ငန်းများကို web နည်းပညာဖြင့် ရှောင်လွှဲ သွားနိုင် ကြပါပြီ။ စာအုပ်များ ပုံနှိပ်ခြင်း၊ ထုတ်ဝေ ဖြန့်ချီခြင်း လုပ်ငန်းဆိုင်ရာ အခက်အခဲ များစွာကို ပြေလည် စေခဲ့ပါပြီ။ စာအုပ်တွေ သယ်ယူ ပို့ဆောင်ဖို့ လေယာဉ်တွေ၊ ကားတွေ မလိုတော့ပါဘူး။ ပုံနှိပ်ဖို့ စက္ကူတွေ၊ ဖလင်တွေ မလိုတော့သလို၊ ကွန်ပျူတာ ဖိုင်တွေ ကူးယူဖို့ အတွက် CDတွေ၊ DVDတွေ နှင့် Blu-rays တွေလည်း မလိုအပ်တော့ပါဘူး။ စာအုပ်တွေ သိုလှောင်ဖို့ ဂိုဒေါင်တွေ မလိုတော့ သလို၊ ၀န်ထမ်းတွေ ငှားရမ်းဖို့လည်း မလိုတော့ပါဘူး။

ရှေးရိုးစွဲ စာအုပ် ထုပ်ဝေသူတွေ တစ်ခါမှ မျှော်လင့် မထားခဲ့တဲ့ ခေတ်တစ်ခေတ်ကို ရောက်ရှိနေပါပြီ။ ခေတ်သစ် စာပေ ထုတ်ဝေရေး လုပ်ငန်းကိုတော့ ကွန်ပျူတာ ဆော့ဝဲလ် ဖန်တီးသူများက ဦးဆောင်နေကြတာပဲ  ဖြစ်ပါတယ်။ သူတို့က နည်းပညာ၏ အကူအညီဖြင့် သတင်း အချက်အလက်များ၊ ပုံပြင် ဇာတ်လမ်းများကို စီးပွားရေး ပုံစံသစ် တစ်ခုဖြင့် ဖော်ပြပေး နေကြပါတယ်။ အဲဒီ စနစ်သစ်က ပုံနှိပ် ထုတ်ဝေရေး လောကကို အခိုင်အမာ ခြေကုပ်ယူထား ကြသည့် စီးပွားရေး သမား အတော် များများကို ထိခိုက်စေ ပါတော့မယ်။ Open Web နည်းပညာ များကြောင့် သမရိုးကျ ပုံနှိပ် ထုတ်ဝေ သူများက စာပေ ထုတ်ဝေ ဖြန့်ချီခြင်းကို ထိန်းချုပ်လို့ မရနိုင်တော့ပါဘူး။ ဒီအကြောင်းကို Snow Fall က သက်သေ ပြခဲ့ ပြီးပါပြီ။ ထို့အပြင် ကျောင်းသုံး စာအုပ် ထုတ်ဝေရေး လုပ်ငန်း တွင်လည်း F1000 ၊ Figshare ၊ Hypothes.is ၊ PeerJ နှင့် PLOS တို့က သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး ကွန်ယက် များနှင့် ပူးပေါင်း ဆောင်ရွက် နေကြပါပြီ။


လက်ရှိ ebook ၏ ပုံသဏ္ဍန်က စာအုပ်ပါ အကြောင်းအရာ အားလုံးကို ဖိုင် တစ်ခုတည်း ဖြစ်အောင် ဖန်းတီး ထားတာ ပဲဖြစ်ပါတယ်။ စာဖတ်သူများက phone ၊ tablet ၊ kindle ၊ ipad အစရှိသည့် device တစ်ခုခုပေါ်တွင် ebook ဖိုင်ကို download ပြုလုပ်၍ e-reader ဆော့ဝဲလ် တစ်ခုခု၏ အကူအညီဖြင့် ဖတ်ရှုနေကြရတာ ဖြစ်ပါတယ်။ ယခုအခါ ebook အတွင်း ဓါတ်ပုံ မြေပုံများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ အစရှိသည့် များစွာသော multimedia ဖိုင်များကို ထည့်သွင်း လာခဲ့ ကြပါတယ်။  ထိုအခါမှာတော့ ebook များ၏ ကြီးမားသော ဖိုင် အရွယ် အစားက device များပေါ်တွင် အခက်အခဲ တစ်ခု ဖြစ်လာခဲ့ ပါတယ်။ ယခုအခါ ebook ဖန်တီး သူများက ဖိုင် အရွယ် အစား 300KB မှ 600MB အတွင်းသာ ရှိသော ebook မျိုးကို ထုတ်လုပ်ရန်ဆန္ဒ ရှိနေကြပါတယ်။ အကြောင်းအရင်း ကတော့ သူတို့ရဲ့ ebook တွေက စာဖတ်သူများ၏ device ပေါ်ရှိ memory ကန့်သတ်ချက်ကို ကျော်လွန် သွားမှာ စိုးရိမ်လို့ပါဘဲ။ အမှန် တကယ်တော့ ePub နှင့် Kindle ပေါ်တွင် ဖတ်ရှု၍ ရသော ebook များက website တစ်ခုလောက်တော့ စိတ်ဝင်စား ဖွယ်ရာ ပုံစံများ မပါ ၀င်ပါဘူး။ server ပေါ်က အချက် အလက် တွေက markup language တစ်ခု အနေနဲ့ ဖော်ပြပြီး ePub နှင့် Kindle တို့၏ မျက်နှာ ပြင်ပေါ်ကို ရောက်ရှိ လာတာဘဲ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက နယူးယောက်မြို့တွင် W3C အဖွဲ့က ကြီးမှူး၍ နိုင်ငံ တကာရှိ စာပေ ထုတ်ဝေရေး လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ ခေါင်းစဉ်ကို "Ebooks: Great Expectations for Web Standards" ဟုအမည် ပေးထားပြီး Open Web Standards များ ဖြစ်ကြသော HTML5 ၊ CSS3 ၊ SVG ၊ XML နှင့် RDF တို့ကို ebook များအတွင်း ထည့်သွင်းခြင်း အကြောင်းကို ဆွေးနွေး ခဲ့ကြပါတယ်။ ebook  ထုတ်လုပ်သူ Kobo ကုမ္ပဏီကလည်း "ebook တစ်ခုအတွင်းမှာ သူ့ကို အထောက်အပံ့ ဖြစ်စေတဲ့ စိတ်ဝင်စားဖွယ်ရာ အခြားသော functions တွေ ထည့်သွင်း ပေးလိုက်တာဟာ စိတ်ကူးယဉ်မှု သက်သက် မဟုတ်ပါဘူး။ ဒါဟာ ပိုမို ကောင်းမွန်တဲ့ ဖန်တီးမှုပါ။ စာဖတ်သူများကို သူတို့ ဖတ်နေတဲ့ အကြောင်း အရာ၏ ပြင်ပတွင် ရှိသော အခြား links များကို သွားရောက်ခွင့် ပေးသင့်ပါတယ်။"


မကြာမီ ကာလမှာတော့ ebook တွေက အရာခပ်သိမ်းကို ချုံ့ထည့်ထားသည့် ဖိုင်တစ်ခု အနေနဲ့ မဟုတ်နိုင် တော့ပါဘူး။ web နည်းပညာရပ် များစွာ ထည့်သွင်း ထားသည့် website ငယ်လေးများ ဖြစ်လာကြမှာပါ။ စာဖတ်သူ၏ device ပေါ်တွင် browser တစ်ခု ရှိရုံဖြင့် စာအုပ်ပေါင်းများစွာကို ဖတ်ရှု နိုင်ကြ တော့မှာပါ။ စာပေ ထုတ်ဝေ ဖြန့်ချီခြင်းက network နည်းပညာရပ် ပေါ်မှာ အခြေခံ သွားပါလိမ့်မယ်။ ebook များကတော့ စနစ်သစ် စာပေ ထုတ်ဝေ ဖြန့်ချီခြင်း လုပ်ငန်း၏ ကုန်စည်များပဲ ဖြစ်ပါတော့တယ်။

အခန်း (၃) ကို ဆက်လက် ဖတ်ရှုပါ။

References :
1. http://www.nytimes.com/projects/2012/snow-fall/#/?part=tunnel-creek
2. http://www.americanlibrariesmagazine.org/article/unpackaged-book
၂၀၁၃ ခုနှစ် ဇွန်လထုတ် ALA မဂ္ဂဇင်းပါ Peter Brantley ၏ The Unpackaged Book ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။

No comments: